အားနည်းခြင်းတွင် ခွန်အားရှိခြင်း
ကျွန်မ၏သားလေး အသက်သုံးနှစ်အရွယ်ခန့်တွင် ကျွန်မခွဲစိတ်မှုတစ်ခုပြုရန် လိုအပ်ခဲ့ပြီး၊ နာလန်ထူနိုင်ရန် အချိန် တစ်လ (သို့) ထိုထက်ပိုကြာသည့် အချိန် ပေးရန် အကြောင်းပေါ်လာသည်။ ကုသမှု မစမီ ကျွန်မအိပ်ယာပေါ်ရှိနေစဉ် ကုသမှုခံယူပြီးပါက ညစ်ပတ်နေသော ပန်းကန်ခွက်ယောက်များ ပန်းကန်ဆေးကန်တွင် အပုံလိုက်ရှိနေမည်ကို တွေးကြည့်မိသည်။ တက်ကြွနေသောကလေးငယ်ကို မည်သို့ ပြုစုစောင့်ရှောက်ရမည်ကို မသိပါ။ အစားအစာချက်ပြုတ်ရန် မီးဖိုရှေ့ရပ်နေခြင်းကိုလည်း ပုံဖော်၍ပင်မရပါ။ ကျွန်မ၏အားနည်းချက်ကြောင့် စည်းချက်မှန်မှန်သွားနေသော ကျွန်မတို့၏ဘဝများ၌ သက်ရောက်မှုရှိမည်ကို ကြောက်ရွံ့စိုးရိမ်ခဲ့မိသည်။
မိဒျန်လူတို့နှင့်ထိပ်တိုက်မတွေ့မီ ဘုရားသခင်သည် ဂိဒေါင်၏တပ်များကို တမင်အင်အားလျှော့ချခဲ့သည်။ ပထမဦးစွာ ကြောက်လန့်သူတို့အား ထွက်ခွင့် ပြုခဲ့ရာ လူ ၂၂,၀၀၀ အိမ်ပြန်သွားသည် (သူကြီး ၇:၃)။ ပြီးနောက် ကျန်ခဲ့သောလူ ၁၀,၀၀၀ ထဲမှ လက်ခုပ်နှင့် ရေကိုသောက်သူများသာ နေခဲ့ရန် ဖြစ်သည်။ လူသုံးရာမျှသာကျန်ရှိသော်လည်း ဤအားနည်းချက်က ဣသရေလလူများ မိမိကိုယ်ကို အားကိုးအမှီပြုခြင်းကို တားဆီးပေးခဲ့သည်…


နက်ရှိုင်းသော အနာရောဂါငြိမ်းခြင်း
၂၀၂၀ ခုနှစ် အီစတာတနင်္ဂနွေနေ့က ဘရာဇီးနိုင်ငံ၊ Rio de Janeiro (ရီယိုဒီဂျနေရို) မြို့တော်ကို အပေါ်စီးမှ ကြည့်နေသည့် ကျော်ကြားသော ‘Christ the Redeemer’ (ရွေးနှုတ်ကယ်တင်ရှင်ခရစ်တော်) ရုပ်တုကို သမားတော်တစ်ဦး၏ ဝတ်စားဆင်ယင်ပုံဖြင့် လျှပ်စစ်မီးဆင်ပေးခဲ့သည်။ ကိုရိုနာကပ်ရောဂါကို တိုက်ထုတ်နေသည့် ရှေ့တန်းမှကျန်းမာရေးဝန်ထမ်းများကို ဂုဏ်ပြုသောအားဖြင့် ခရစ်တော်ကို ဆရာဝန်အဖြစ် ထိမိဆွတ်ပျံ့ဖွယ် ပုံဖော်ခြင်းဖြစ်သည်။ ထိုပုံရိပ်က သခင်ယေရှုကို ကျွန်ုပ်တို့၏ ကြီးမြတ်သောသမားတော်ကြီးအဖြစ် သရုပ်ဖော်ချက်ကို အသက်ဝင်စေသည် (မာ ၂:၁၇)။
သခင်ယေရှုသည် ကမ္ဘာမြေ၌ အမှုတော်ဆောင်စဉ်တွင် လူများစွာ၏ ရုပ်ပိုင်းဆိုင်ရာဆင်းရဲဒုက္ခများကို ကုသပေးခဲ့သည်။ လူအချို့ကို ဖော်ပြရလျှင် မျက်မမြင်ဗာတိမဲ (မာ ၁၀:၄၆-၅၂)၊ နူနာစွဲသောသူ (လု ၅:၁၂-၁၆)နှင့် လက်ခြေသေသောသူ (မ ၉:၁-၈) တို့ဖြစ်သည်။ ရိုးရှင်းသောအစာ တစ်နပ်စာကို ပွားများစေပြီး ဆာလောင်သူများကို ကျွေးမွေးထောက်ပံ့ခြင်းက သူ့နောက်သို့လိုက်သူများ၏…

သခင်ယေရှုထံသို့ ပြေးခြင်း
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့သို့ခရီးထွက်ခဲ့စဥ်က ဘန်းနှင့် သူ၏သူငယ်ချင်းများသည် မြို့တော်အတွင်း ကျော်ကြားသော ပြတိုက်တစ်ခုကို တွေ့ခဲ့ကြသည်။ ဘန်းသည် အနုပညာကျောင်းသား မဟုတ်သော်လည်း Eugène Burnand (ယူဂျင်းဘာနန်)၏ ‘The Disciples Peter and John Running to the Sepulchre on the Morning of the Resurrection’ (တပည့်တော် ပေတရုနှင့်ယောဟန်တို့ ရှင်ပြန်ထမြောက်ရာနံနက်၌ သင်္ချိုင်းဂူသို့ ပြေးသွားခြင်း) ဟူသည့် ပန်းချီကားကို အံ့ဩမှုဖြင့် ကြည့်ရှုခဲ့သည်။ စာတစ်လုံးမျှ မပါဘဲ၊ ပေတရုနှင့်ယောဟန်တို့၏ မျက်နှာပေါ်ရှိ အကြည့်များနှင့် သူတို့၏လက်အနေအထားများက စကားများစွာ ပြောနေပြီး၊ ကြည့်ရှုသူများအား သူတို့နှင့်အတူ တစ်သားတည်းဖြစ်ကာ သူတို့၏ အားအင်အပြည့်နှင့် ခံစားချက်များကို မျှဝေခံစားရန် ခေါ်ဖိတ်နေသည်။
ထိုပန်းချီကားမှာ ရှင်ယောဟန်ခရစ်ဝင် ၂၀:၁-၁၀ ကို အခြေခံ၍ သခင်…
အနီရောင်အစက်များ
စကော့တလန်နိုင်ငံရှိ အမျိုးသားပြခန်းကို ဖြတ်လျှောက်သွားရင်း ဒတ်ခ်ျအနုပညာရှင် Vincent van Gogh (ဗင်းဆင့်ဗန်ဂိုး)၏ ရဲရင့်သောစုတ်ချက်နှင့် မြူးကြွသော အရောင်အသွေးများပါသည့် ပန်းချီကားများအနက် ‘Olive Trees’ (သံလွင်ပင်များ) ဟူသောပန်းချီကားက ကျွန်ုပ်ကို ဖမ်းစားဆွဲဆောင်ခဲ့သည်။ သမိုင်းပညာရှင်များစွာက ဤလက်ရာသည် သံလွင်တောင်ရှိ ဂေသရှေမန်ဥယျာဉ်၌ သခင်ယေရှုတွေ့ကြုံ ခံစားခဲ့ရသည့်အချင်းအရာ၏ လှုံ့ဆော်မှုကြောင့် ဖြစ်သည်ဟု ယုံကြည်ကြသည်။ ပန်းချီကားထဲမှ ကျွန်ုပ်မျက်စိကို အထူးဖမ်းစားသောအရာမှာ ရှေးသံလွင်ပင်များကြားမှ မညီညာသော အနီရောင် အစွန်းအကွက်ငယ်လေးများ ဖြစ်သည်။
တောင်စောင်းပေါ်တွင်တည်ရှိနေသော သံလွင်ပင်များကြောင့် သံလွင်တောင်ဟု လူသိများပြီး၊ သူ၏တပည့်တော်ယုဒသည် သူ့အား သစ္စာဖောက်မည်ဟု ကြိုတင်မိန့်ကြားသည့်ညတွင် သခင်ယေရှုသည် ထိုနေရာသို့ ဆုတောင်းရန် သွားခဲ့သည်။ ထိုသစ္စာဖောက်မှုကြောင့် သူကားစင်တင်ကွပ်မျက်ခံရမည်ကို သိလျက် သခင် နာကျင်စွာခံစားခဲ့ရသည်။ သခင်ယေရှုသည် ဆုတောင်းရင်း “ချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ ကျသော သွေးစက်ကဲ့သို့ဖြစ်သတည်း” (လု ၂၂:၄၄)။…

အစေခံရန် စိန်ခေါ်မှု
DeAvion (ဒီအာဗီယန်)သည် အသက် (၁၃) နှစ်သာ ရှိသေးသော်လည်း အခြားသူများကို အစေခံရန် စိန်ခေါ်မှုတစ်ရပ်ကို လက်ခံလိုက်သည်။ နွေရာသီအားလပ်ချိန်အတွင်း မြက်ခင်း (၅၀) ကို အခမဲ့ရိတ်ပေးရန် ဖိတ်ခေါ်သည့် အမျိုးသားတစ်ဦးအကြောင်းကို သူနှင့်သူ၏အမေတို့ ကြားခဲ့ဖူးသည်။ သူတို့၏ ရည်မှန်းချက်မှာ စစ်မှုထမ်းဟောင်းများ၊ တစ်ကိုယ်ရေမိခင်များ၊ မသန်စွမ်းသူများ (သို့) အကူအညီလိုအပ်နေသူများကို ကူညီထောက်ပံ့ရန်ဖြစ်သည်။ ထိုအစီအစဥ်ကို စတင်တည်ထောင်သူ (ပြည်နယ် ၅၀ တွင် မြက်ခင်း ၅၀ ကို ရိတ်ခဲ့သူ)သည် အလုပ်ကျင့်ဝတ်၏အရေးကြီးပုံကို သင်ကြားပေးပြီး လူမှုအဖွဲ့အစည်းသို့ ပြန်လည်ပေးဆပ်ရန် စိန်ခေါ်မှုကို ဖန်တီးခဲ့သည်။ အပူရှိန်နှင့် နွေရာသီတွင် ဆယ်ကျော်သက်တစ်ဦး လေ့လာလိုက်စားနိုင်သည့် အခြားသောလှုပ်ရှားမှုအခွင့်အလမ်းများရှိသော်လည်း ဒီအာဗီယန်သည် အခြားသူများကို ဝန်ဆောင်မှုပေးရန် ရွေးချယ်ခဲ့ပြီး စိန်ခေါ်မှုကို ပြီးမြောက်လုပ်ဆောင်ခဲ့သည်။
ဝန်ဆောင်မှုပေးရန် စိန်ခေါ်မှုသည် သခင်ယေရှုကို ယုံကြည်သူများထံသို့လည်း ရောက်လာပါသည်။ လူသားအားလုံးအတွက် အသေခံမည့်…